၂၀၂၅ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၁၅)ရက်နေ့အထိပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၁၅)ရက်နေ့အတွင်း၌  ပြည်ခရိုင်၊ပြည်မြို့နယ်တွင် လမ်းမတော်ရွှေကူရပ်ကွက်ရှိ ဒေါ်ဝင်းဝင်းစိုး၏ “စွမ်းအင်”လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးနှင့် ဦးမျိုးအောင်၏ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ရန်ကုန်-ပြည်လမ်း၊ သရက်တောရပ်ကွက်ရှိ ဦးစံမင်း၏ “ရွှေပြည်အေး”ဆန်စက်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် လမ်းမတော်ဥသျှစ်ပင်ရှိ ဒေါ်ကြည်ကြည်လှိုင်၏ “ထက်အောင်” ဆန်ရောင်း ဝယ်ရေးလုပ်ငန်း၊ လဲကျေးရွာရှိ ဦးလှဝင်းအောင်၏ “Kyaw San”စက်သုံးဆီ အရောင်းဆိုင် သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)