
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၃.၆.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ ကျောက်တံခါးမြို့ ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာ မြို့နယ်တာဝန်ခံက အစားအသောက်နှင့် စပ်လျဉ်း၍ ကြော်လှော်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသူများသည် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များနှင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)