ညောင်လေးပင်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်လေးပင်မြို့တွင် ၂၃.၆.၂၀၂၅ ရက်နေ့၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုဟောပြောပွဲနှင့် သရုပ်ပြပွဲကို ညောင်လေးပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တက်ရောက်ပြီး ညောင်လေးပင်ခရိုင်မှ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာပေါင်းစုံ တက်ရောက်ခဲ့ပါသည်။ သရုပ်ပြပွဲတွင် ငလျင်လှုပ်သည့်အချိန်နှင့် လှုပ်ပြီးအချိန်များတွင် လိုက်နာဆောင်ရွက်သင့်သည်များ၊ ကြိုတင်ကာကွယ်ရန်အချက်များကို  မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီး ဌာန၊ ရဲတပ်ဖွဲ့၊ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ သရုပ်ပြခဲ့ကြပါသည်။ ထိုသရုပ်ပြပွဲသို့ စားသုံးသူရေး ရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်းနှင့် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးတို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)