မလေးရှားနိုင်ငံ၏ ကားရောင်းအားသည် မေလတွင်ကျဆင်းခဲ့

Powered by Drupal

            မလေးရှားနိုင်ငံ၏ ကားရောင်းအားသည်မေလတွင် ၆၈၀၀၇ စီးသို့ တစ်နှစ်ထက်တစ်နှစ် ၃.၂ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ပထမငါးလတွင် စုစုပေါင်းစက်မှုလုပ်ငန်းပမာဏ (TIV) သည် ၄.၃၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ၃၁၆၇၃၇ စီးသို့ကျဆင်းသွားခဲ့သည်။

          မေလအတွက် TIV သည် ဧပြီလက အစီးရေ ၆၀၅၂၇ စီးထက် ၁၂.၄ ရာခိုင်နှုန်းပိုများသည်ဟု မလေးရှားမော်တော်ကားအသင်း (MAA) က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ MAA ၏ အဆို အရမေလအတွက် TIV သည် ဧပြီလထက်များပြားရခြင်းမှာ အလုပ်ချိန်ပိုမိုများပြားခြင်း၊ ခိုင်မာသော ပရိုမိုးရှင်းများ ဆက်လက်လုပ်ဆောင်ခြင်းနှင့် ပထမသုံးလပတ်တွင် ကောက်ခံရရှိသော ကြိုတင် စာရင်းသွင်းထားသည့် ‌မော်တော်ယာဉ်များပေးပို့ခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။

          မော်တော်ယာဉ်ထုတ်လုပ်မှုအရ‌ မေလတွင် ကားထုတ်လုပ်မှုပမာဏသည် တစ်နှစ်ထက် တစ်နှစ် ၁၁.၅၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစီးရေ ၆၅၉၇ စီးရှိခဲ့သည်။ ပထမငါးလအတွက်စုစုပေါင်း ကားထုတ်လုပ်မှုသည် ၁၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၂၉၉၈၆၆ ရှိသည်။ ဇွန်လအတွက် TIV သည် Eid al-Fitr ကာလအတွင်း စက်ရုံပိတ်သိမ်းခြင်းကြောင့် မေလထက်လျှော့နည်းမည်ဟုမျှော်လင့် ထားကြောင်း မလေးရှားမော်တော်ကားအသင်း (MAA) ကပြောကြားချက်အရသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)