
ကမ္ဘောဒီးယား၏ အဝတ်အထည်မဟုတ်သည့်ကဏ္ဍတင်ပို့မှု သိသာစွာမြင့်တက်ခဲ့သည့် အတွက် နိုင်ငံ၏စီးပွားရေးကွဲပြားမှုဗျူဟာ အောင်မြင်မှုကို ပြသနေကြောင်း သိရပါသည်။ အဝတ် အထည်မဟုတ်သည့်ထုတ်ကုန်များတွင် အီလတ်ထရောနစ်အစိတ်အပိုင်းများ၊ ကားအစိတ်အပိုင်း များ၊ စက်ဘီး၊ ကားတာယာများ၊ သားရေ၊ ပလတ်စတစ်နှင့် အခြားစက်မှုထုတ်ကုန်များပါဝင် ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာနထံမှအချက်အလက်များအရ ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် အီလတ်ထရောနစ်ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၇ သန်းတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံ၏ မော်တော်ယာဉ်အစိတ်အပိုင်းတင်ပို့မှုတန်ဖိုး မှာ ၁၁၇ သန်း(၁၈.၃ ရာခိုင်နှုန်းမြင့်တက်)၊ စက်ဘီးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၇ သန်း(၄၆.၉ ရာခိုင်နှုန်းမြင့်တက်)၊ လျှပ်စစ်ကေဘယ်နှင့်ဝါယာတင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၃၂ သန်း(၈၃.၆ ရာခိုင်နှုန်းမြင့်တက်)နှင့် ကားတာယာတင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၅၆၀( ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
သို့သော် ဆိုလာပြား တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၈၇ သန်းဖြင့် ၉၉ ရာခိုင်နှုန်းထိ ကြီးမားစွာကျဆင်းခဲ့ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Penn Sovicheat က အဝတ်အထည်လုပ်ငန်းသည် အဓိကအသက်သွေးကြောအဖြစ်ဆက်လက်ရပ်တည်နေသော ကြောင့် လုပ်ငန်းနယ်ပယ် ခေတ်မီစေရန်ဆက်လက်ပံ့ပိုးရမည်ဖြစ်ကြောင်းနှင့် အခြားကုန် ထုတ်လုပ်မှုဧရိယာများကြီးထွားခြင်းသည် တည်ငြိမ်သောစီးပွားရေးအနာဂတ်တည်ဆောက်ရာ တွင် ၎င်းတို့၏အောင်မြင်မှုကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန သည်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှမိတ်ဖက်များနှင့် အနီးကပ် ပူးပေါင်း၍ ထိုထွန်းသစ်စ စက်မှုလုပ်ငန်းများသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် တက်ကြွစွာ လုပ်ကိုင်လျှက်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)