အင်ဒိုနီးရှားသည် ဒေတာစင်တာဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရရှိ

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံသည် ဒူဘိုင်းအခြေစိုက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကုမ္ပဏီ EDGNEX ထံမှ ဒေတာစင်တာဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုး ရှိ ရင်းနှီးမြှုပ်နှံမှုကို အာမခံခဲ့ကြောင်း ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး Meutya Hafid က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အနောက်ဂျာဗားပြည်နယ် Cikarang စက်မှုဇုန်ရှိ ၁၂ ဟက်တာကျယ်ဝန်းသော ဧရိယာတွင် ခေတ်မီဒေတာစင်တာ အခြေခံ အဆောက်အအုံ တည်ဆောက် ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမည်ဖြစ်ကြောင်း Meutya မှ ပြောကြားခဲ့သည်။ ပရောဂျက်၏ ကနဦးအဆင့်ကို ၂၀၂၆ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားပြီး ၂၀၂၈ ခုနှစ်အထိ ဆက်လက်ဖွံ့ဖြိုး တိုးတက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဒေတာစင်တာသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၏ ကျောရိုး တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း EDGNEX ၏တည်ရှိမှုသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒစ်ဂျစ်တယ် ဂေဟစနစ်တွင် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများထံမှ ယုံကြည်မှု တိုးလာမှု၏ အပြုသဘော ဆောင်သည့်အချက်တစ်ခုအဖြစ် ရှုမြင်ကြောင်း Meutya မှ တရားဝင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ အချက်အလက်များအရ အင်ဒိုနီးရှား၏ ဒေတာစင်တာ စွမ်းဆောင်ရည်သည် ပြီးခဲ့သော အောက်တိုဘာလမှစပြီး ၂၉၀ မဂ္ဂါဝပ် (MW) အထိတိုး လာခဲ့သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အား ၉၀၀ မဂ္ဂါဝပ် အထိ မြှင့်တင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။ စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာမြောက် ရပ်တည်ချက်ကို လိုက်စားနေခြင်းကို ညွှန်ပြနေ ကြောင်း၊ အစိုးရသည် ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် ကျယ်ပြန့်သော အခွင့်အလမ်းများကို ဆက် လက်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် အရှေ့တောင်အာရှဒေသတွင် အဓိက ဒစ်ဂျစ်တယ် ဒေတာအချက်အချာဖြစ်လာရန် အလားအလာကောင်းရှိကြောင်း Meutya က ပြောကြားခဲ့သည်။

Source : Xinhua 

DOCA(ရန်ုကုန်)