
(၁၈.၆.၂၀၂၅) ရက်နေ့၊ နေ.လယ်(၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ သာကေတမြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးအားရောင်းချသည့် ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
အဆိုပါ အသင့်စားမုန့်အမျိုးမျိုးအား စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် မုန့်များကိုသာရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(ရန်ကုန်)