
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အစားအသောက်ရောင်းချ ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဌာနဆိုင်ပူးပေါင်းအဖွဲ့ဖြင့် ဇွန်လ (၁၉)ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၈)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ရွှေရည်စားသောက်ဆိုင်သို့ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဝန်ဆောင်မှုများအား ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းသော အစားအသောက်များကိုသာ ရောင်းချရန်၊ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/ မရှိ၊ ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ မိမိတို့ဆိုင်မှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်းရှိ/မရှိ၊ စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/ မရှိနှင့် အမှိုက်များအားစနစ်တကျ စွန့်ပစ်ခြင်းနှင့်ထည့်စရာများကို စနစ်တကျထားရှိခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသောက်ဆိုင်အား လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားရန်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ရန် ဆောင်ရွက်ထားသင့်ကြောင်း၊ အသုံးပြုရမည့် အိုးခွက်၊ ပစ္စည်း ကိရိယာများကို သန့်ရှင်းစွာ ဆေးကြောထားရန်၊ အစားအသောက်များအား ကြွက်၊ ယင်၊ ပိုးမွှားများမဝင်ရောက်နိုင်စေရေး စနစ်တကျထိန်းသိမ်း သိုလှောင်ထားရန်၊ မချက်ပြုတ်ရသေးသည့် သားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီး ဟင်းများကို အတူရောနှောထားခြင်း မပြုလုပ်သင့် ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)