အမေရိကန်–တရုတ် ကုန်သွယ်ရေး ညှိနှိုင်းမှုတိုးတက်

Powered by Drupal

     အမေရိကန်နဲ့ တရုတ်တို့ဟာ အခွန်တိုးသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ကုန်သွယ်ရေးပဋိပက္ခများ ဖြစ်ပွားနေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သော နောက်ဆုံး ညှိနှိုင်းပွဲအပြီး သံသယများနည်းလာပြီး၊ “အပေးအယူပြု၍ သဘောတူညီမှုတစ်ရပ်”ကို ထိန်းသိမ်းရန် နှစ်ဖက်သဘောတူကြောင်း ကြေညာခဲ့ကြပါတယ်။

    ဤညှိနှိုင်းပွဲကို ဇွန်လ ပထမအပတ်တွင် လန်ဒန်ရှိ Lancaster House အနီး၌ ကျင်းပခဲ့ပြီး၊ နှစ်ရက်ကြာ ၂၀ နာရီကျော် ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ဘက်မှ Treasury Secretary Scott  Bessent နှင့် Commerce Secretary Howard Lutnick တို့၊ တရုတ်ဘက်မှ Vice‑Premier He Lifeng နှင့် Vice‑Commerce Minister Li Chenggang တို့ ပါဝင်ခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းများအရလည်း သိရှိရပါတယ်။ အဆိုပါညှိနှိုင်းပွဲတွင် ဆွေးနွေးခဲ့ကြသည့်  အဓိကဆွေးနွေးချက်များတွင် rare-earth materials နှင့် semiconductors များအပေါ် သတ်မှတ်ချက်များကို ချုပ်ဆိုရန်၊ အမေရိကန်၏ အခွန်နှုန်းများ ပြန်လည်သုံးသပ်မှုများနှင့် တရုတ်၏ နည်းပညာပစ္စည်းများပေးပို့မှုကို ထိန်းသိမ်းခြင်း စသည့် စည်းမျဉ်းများလည်း ပါဝင်နေပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က “သဘောတူညီမှု ပြီးပါပြီ၊ လက်မှတ်ထိုးရုံသာ ကျန်သေးတယ်” ဟု ကြေညာခဲ့ပြီး၊ ယင်းသဘောတူညီမှုသည် နိုင်ငံတကာ စီးပွားရေးပေါ်တွင် ငြိမ်သက်မှု ကိုဖြစ်စေနိုင်ကြောင်း နိုင်ငံတကာကုန်သွယ်ရေး သတင်းများအရလည်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)