စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ(၃)ဦး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးပိုင်သူ၊ ဆီလုပ်ငန်းရှင်များအသင်းမှ ဦးမျိုးမင်းထွန်း(အဖွဲ့ဝင်)တို့ ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံမြို့နယ်သို့ (၁၉.၆.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၃၀) နာရီအချိန်တွင် စားအုန်းဆီလက်လီရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့စစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံဈေးမှ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ဈေးအတွင်း ရောင်းချနေသော လက်လီကိုယ်စားလှယ် ရွှေပွင့်သစ်ကုန်စုံဆိုင်မှ မိမိရရှိသောခွဲတမ်းသည် Alps Co.,Ltd မှ ရရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂% အမြတ်တင်၍ စားသုံးသူပြည်သူများသို့ သတ်မှတ်ခွဲတမ်းအလိုက်ပေးပါကြောင်း၊ ပြည့်ဝစွာချိန်တွယ်ပေးခြင်း၊ လက်ကျန်များမထားရှိခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)