၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

          ဥရောပသမဂ္ဂ(EU) နှင့် အမေရိကန်တို့ပါဝင်သည့် အဓိကဈေးကွက်များသို့ တင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် ဗီယက်နမ်၏ကော်ဖီတင်ပို့မှု တန်ဖိုးသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံထိရောက်ရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ ဇွန်လ ၁၂ ရက်နေ့က တင်ပြချက်အရသိရပါသည်။ မေလတစ်လတည်း တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ သန်း ၈၆၀ တန်ဖိုးရှိသော ကော်ဖီတန်ချိန် ၁၄၉၀၀၀ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၆၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုး တွင် ၂.၂ ဆနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၅ လတာကာလတွင် EU သည် ဗီယက်နမ် ၏ အကြီးမားဆုံးကော်ဖီတင်ပို့သည့်ဈေးကွက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုး ရှိသော ကော်ဖီတန်ချိန် ၃၆၇၀၀၀ တန် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သို့တင်ပို့မှု မှာလည်း သိသာစွာမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၉ သန်းတန်ဖိုးရှိသော ကော်ဖီတန်ချိန် ၅၄၃၁၀ တန် ကိုတင်ပို့ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ပို့ကုန်-သွင်းကုန်ဦးစီးဌာနက ဗီယက်နမ်၏ ယခုနှစ်ကော်ဖီတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ထိရောက်ရှိ နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅.၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

VietnamPlus                                                                            

DOCA (ရန်ကုန်)