7 Food Co., Ltd အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ် မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည်  ၁၈..၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀ ) နာရီအချိန်တွင် အမှတ်(၂၉/၃၀)၊ ဦးဖိုးလှိုင်လမ်း၊ ရွှေပေါက်ကံမြို့နယ်ရှိ (ယိုးဒယား ဇီးချို) လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် လုပ်ငန်းအမျိုးအစား၊ ကြိတ်ခွဲထုတ်လုပ်သည့် ပမာဏ၊ စက်ကြိတ်အား၊ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များရယူထားခြင်း ရှိ / မရှိနှင့် ကြုံတွေ့ရသည့်အခက်အခဲတို့ကို မေးမြန်းခဲ့ကြောင်း၊ ပြည်တွင်းမှာသာဖြန့်ဖြူးရောင်းချခြင်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)