
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသော ဆေးဆိုင်များတွင် လက်ရှိဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ ဈေးနှုန်း များ စာရင်းကောက်ယူခြင်း လုပ်ငန်းအား ဇွန်လ(၁၈)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားမှုနှင့်အညီ ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ သည် စည်ပင်သာယာမြို့မဈေး ရုံး(အောက်)ရှိ ဒေါ်ဝင်းလဲ့ရည်စိုးဆေးဆိုင်တွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေး၊ သွေးကျ ဆေး၊ အာရုံကြောဆေး၊ လေဆေး၊ အားဆေး အမျိုးမျိုးစသည့် အသုံးများသော ဆေးဝါးများ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှု အခြေအနေ စံနှုန်းမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါး များ စပ်ဆေးများအား စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဖြစ်ပေါ် နေသော ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)