
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး လျာထားဧက (၁၅၃၆၁၀)ဧကဖြစ်ပြီး ဇွန်လ ဒုတိယအပတ်အထိ မိုးစပါးစိုက်ဧက (၉၃၂၇၆)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
သုံးခွမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆန်စပါး ထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်သာမက ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တောင်သူများအား ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါ ကျရောက်မှုကင်းရှင်းစေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ် မိုးစပါးစိုက်ပျိုးမှု အခြေအနေဖြင့် တိုက်ရိုက်အစေ့ချစိုက် (Seeder)စနစ်ဖြင့် (၈၃၄၁)ဧကနှင့် ကြဲပတ်စိုက် အခြေအနေဖြင့် (၈၄၉၃၅)ဧက စုစုပေါင်း(၉၃၂၇၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)