ဆံပင်ကျွတ်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံရှိမြို့နယ်အများစုသည် ဆံပင်ကျွတ်နှင့် ဆံပင်အရှည်ရောင်းဝယ်ရေးလုပ်ငန်း များ ဖြင့်  တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြပြီး ဆံပင်ကျွတ်ရောင်းဝယ်ရေးလုပ်ငန်းသည် ဈေးကွက် တစ်ခု အဖြစ် တည်ရှိကြောင်း၊ ဆံပင်ကျွတ်ရောင်းဝယ်‌ရေးဆိုသည်မှာ လူတစ်ဦး၏ ဆံပင်ကိုဖြတ်ပြီး ရောင်းချခြင်း၊ ခေါင်းဖီးရာတွင် ကျွတ်လာသော ဆံပင်များကို စုဆောင်း၍ ရောင်းချခြင်းကို ဆိုလို ကြောင်းသိရှိရသည်။

    မြင်းခြံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဆံပင်ကျွတ် (အနက်) တစ်ကျပ်သားလျှင် (၅၅၀၀) ကျပ်၊ ဆံပင်ကျွတ်(အဖြူ) တစ်ကျပ်သားလျှင် (၃၅၀၀) ကျပ်၊ လက်မအလိုက် ဖြတ်ထားသောဆံပင်အရှည် ၁၈လက်မ တစ်ကျပ်သားလျှင်(၈၀၀၀) ကျပ်၊ အရှည် (၂၀) လက်မ တစ်ကျပ်သားလျှင်(၁၁၀၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လ မေလတတိယပတ်တွင် ဖြစ်ပေါ်ခဲ့သောဆံပင်ကျွတ်(အနက်) တစ်ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ ဆံပင်ကျွတ်(အဖြူ) တစ်ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ လက်မအလိုက်ဖြတ်ထားသော ဆံပင် အရှည် ၁၈လက်မ တစ်ကျပ်သားလျှင် (၇၀၀၀) ကျပ်၊ ဆံပင်အရှည်(၂၀) လက်မ တစ်ကျပ်သား လျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်များဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက  ယခင်လထက် ယခုလတွင် ဆံပင်ကျွတ်တစ်ကျပ်သားလျှင် (၅၀၀) ကျပ်၊ လက်မအလိုက် ဖြတ်ထား သော  ဆံပင်အရှည် တစ်ကျပ်သားလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ အလှပ ရေးရာအတွက် အသုံးပြုမှုများပြားလာသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ဈေးကွက် တင်ပို့ရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် မိတ္ထီလာမြို့သို့ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။ ဆံပင်အရှည်များကို လက်မအလိုက် ဈေးကောင်း‌ပေး၍လည်း ဝယ်ယူကြောင်း၊ ရောင်းချရာ တွင် ဆံပင် အမျိုးအစားအလိုက်၊ ဆံပင်အရည်အသွေးအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရှိရသည်။ ဆံပင်ကျွတ်ရောင်းဝယ်ရေးလုပ်ငန်းသည်  ဆံပင်တုပြုလုပ်ရာတွင်လည်းကောင်း၊ ဆံပင်ရှည်ဆက်ရာ တွင်လည်းကောင်း၊ ဆံထုံးအတုများပြုလုပ်ရာတွင်လည်း အသုံးပြုကြောင်း ဆံပင်ကျွတ်ရောင်းဝယ်ရေးသည် စီးပွားရေးအရ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)