
မန္တလေးစျေးကွက်သို့ ဇွန်လတတိယပတ်အတွင်း မိုးရာသီတွင် ခရမ်းချဉ်သီးဝင်ရောက် မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးဝင်ရောက်မှု အနေဖြင့် အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ကိုင်းသီးနှင့် ဘောလုံးသီးများဝင်ရောက်ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ခရမ်းချဉ် သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ကမ်းနားလမ်း ရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီး ဟူ၍ အမျိုးအစား ခွဲခြား ရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော လက္ကားစျေးအနေဖြင့် အင်းသီး တစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၇၅၀၀၀ ကျပ်နှင့် ၈၅၀၀၀ ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံး သီးနှင့် အင်းသီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ ဗမာသီးတစ်ပိဿာလျင် ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်စျေးတို့ဖြစ် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးစျေးမှာ မေလတတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၀၀၀ ကျပ်စျေး မြင့်တက်သွားကြောင်း စျေးသည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)