
မိုးရာသီချိန် ဖြစ်သည့် ဇွန်လတတိယပတ်အတွင်း မန္တလေးစျေးချိုတော်တွင် ငါးခြောက်အမျိုးမျိုး စျေးငြိမ်နေပြီးအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ရေထွက် ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိနှင့် ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဇွန်လ တတိယ ပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ ငါးနီတူး ခြောက်၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင်ခြောက် ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/- နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး၊ မေလတတိယပတ် စျေးဖြင့် နှိုင်းယှဉ်ပါက ကွာခြားမှုမရှိဘဲ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)