
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ကျောင်းလမ်းရှိ“Angle” စားသောက်ကုန်လုပ်ငန်းလုပ်ကိုင် နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့်ပတ်သက်၍ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအရ “ Angle ” စားသောက်ကုန်လုပ်ငန်းတွင် ဆလိုက်ကိတ်၊ ပဲလမုန့်၊ ပဲကိတ်နှင့် ပေါင်မုန့်များ ထုတ်လုပ်ကြောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းနှင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေဖော်ပြရန်နှင့် တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဌာနသို့စိစစ် ဆောင်ရွက်ပေးပါရန်တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။
DOCA(မန္တလေး)