မြင်းခြံမြို့နယ်၏နာနတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

  မြင်းခြံမြို့နယ်အတွင်းရှိ ရောင်းချနေသော နာနတ်သီးများကို မန္တလေးမြို့ရှိ သစ်သီး ပွဲရုံများမှ ဝယ်ယူ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း ၊ နာနတ်သီးတွင် မျိုးအုပ်စု(၃)မျိုး ရှိကြောင်း၊ အဝါ ရောင်ရှိ၍ အရည်ရွှမ်းသောအုပ်စုမျိုး၊ အသီးအရွယ်အစားငယ်သော အုပ်စုမျိုးနှင့် အသားအဖြူရောင် ရှိသော အုပ်စုမျိုး တို့ဖြစ်ကြောင်းသိရှိရသည်။

  မြင်းခြံမြို့၊ မြို့မဈေးအတွင်းရှိ သစ်သီးဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်တတိယပတ်တွင်  ရောင်းချနေသော နာနတ်သီးတစ်လုံးလျှင် (၁၅၀၀-၂၀၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိ ကြောင်း၊ အသီးအရွယ်အစား အကြီး၊ အသေးနှင့် အရည်အသွေးပေါ်မှုတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ ရာသီပေါ်နာနတ်သီးများ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိ‌ကြောင်း သစ်သီးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ နာနတ်သီးတွင် ဗီတာမင်များစွာ ပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း၊ စားသုံးခြင်းဖြင့် ကိုယ်ခံအားကိုမြင့်မားစေပြီး ရောဂါဝင်ရောက်မှုကို ကာကွယ်ပေးကြောင်း၊ သကြားဓာတ်ပါဝင် သောကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာပြီး အအေးမိတုပ်ကွေးရောဂါဖြစ်ခြင်းမှကာကွယ်၍ ကိုယ်ခံအားကောင်းစေကြောင်း၊ အရိုးများကိုသန်မာစေ၍ အရိုးပွခြင်းကိုကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက် အကူပြု သောကြောင့် အာဟာရပြည့်ဝပြီး လတ်ဆတ်သော နာနတ်သီးများကို ရွေးချယ်စားသုံးသင့် ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)