မိတ္ထီလာမြို့ရှိ Mobile Phone၊ ကြိုးဖုန်း၊ TV နှင့် Laptop အရောင်းဆိုင်များအားကွင်းဆင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ရှိ Mobile Phone၊  ကြိုးဖုန်း၊ TV နှင့် Laptop အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Mobile Phone၊  ကြိုးဖုန်း၊ TV နှင့် Laptop အရောင်းဆိုင်တွင် ရောင်းချသောပစ္စည်းများမှာ ဖော်ပြရမည့် သတင်းအချက်အလက်များ၊ အာမခံပေးထားသည့်ကာလ (သို့မဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း (သို့) လဲလှယ်နိုင်ခြင်း၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည်အသွေးများဖော်ပြခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖော်ပြချက် နှင့် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ အရောင်းဆိုင်ပိုင်ရှင်များနှင့် တာဝန်ခံများအနေဖြင့် ရောင်းချ‌သော ကုန်စည်များနှင့်စပ်လျဉ်း၍ မှန်ကန်သောသတင်းအချက်အလက်၊ ပြည်စုံသောဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီပြည့်ဝစွာပေးခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ သုံးစွဲသူနှင့်သဘောတူညီထားသည့်အတိုင်း ပြန်လည်ပေးအပ်စေခြင်းနှင့် လိုက်နာ  ဆောင်ရွက်မည့် အချက်အလက်များအား အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)