မိတ္ထီလာ ဈေးကွက်တွင် အာလူးဈေးအနည်းငယ်ကျဆင်း

Powered by Drupal

           အာလူးကို ရှမ်းပြည်တောင်ပေါ်‌ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သာစည်မြို့နယ်အာလူး(မိုး)စိုက်ဧက (၈၉၃)ဧကရှိပြီး အထွက် (၁၈၃၆၀၀၈) ပိဿာ ထွက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦစီးဌာန စာရင်းအရသိရပါသည်။

             မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊အောင်ပန်း၊ သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ ၊နောင်တရားမြို့များမှ တစ်လလျှင် ကုန်ချိန် ပိဿာ(၆၀၀၀၀)မှပိဿာ(၁၀၀၀၀၀) ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုဇွန်လတတိယ အပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၂၀၀၀-၂၇၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေးတစ်ပိဿာလျှင်( ၄၀၀၀-၄၅၀၀) ကျပ် ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အာလူးအဝင်များလာခြင်းကြောင့်ဖြစ်သည်ဟု အာလူးပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)