ကရင်ပြည်နယ်အတွင်း ဝင်ရောက်လာသော မင်းကွတ်သီးဈေးနှုန်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊‌ ဇွန်လ တတိယပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း မင်းကွတ် သီးများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုမင်းကွတ်သီးများအား မွန်ပြည်နယ်မှ ဝင်ရောက် နေကြောင်း သတင်းရရှိပါသည်။

      မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် တော်တော်များများက အအိပြေစေတဲ့ အသီးအဖြစ်စားသုံးကြသည်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီ ချင်း တူတာကြောင့် ဒူးရင်းသီးစားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေးကို တွဲဖတ်စားသုံးကြပါသည်။ မင်းကွတ်သီး စားသုံးခြင်းအားဖြင့် ကယ်လိုရီနည်းခြင်း၊ ဗီတာမင်စီပါဝင်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးခြင်း၊ ဓမ္မတာမှန်ခြင်း၊ ဆီးချိုအရမ်းမတက်ခြင်း၊ အသားအရေပြဿာနာတွေ ရှင်းပေးခြင်း၊ ဆဲလ်သေတွင်ဖယ်ရှားခြင်း စသည့်အကျိုးကျေးဇူးများရရှိ စေနိုင်ပါသည်။ မင်းကွတ်သီးကို သကြားနှင့်တွဲဖတ်၍ မစားသုံးသင့်ကြောင်း သတိပြုသင့်ပါသည်။            ကရင်ပြည်နယ်အတွင်းဝင်ရောက်လာသော မင်းကွက်သီးလက်လီဈေးနှုန်းအခြေအနေမှာ အလုံးသေး တစ်လုံးလျှင် (၁၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၂၅၀) ကျပ်နှင့် အလုံးကြီး တစ်လုံးလျှင် (၃၅၀) ကျပ် အထိ ဈေးနှုန်းများရှိကြောင်းသတင်းရရှိပါသည်။

DOCA(ကရင်)