
မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာမှ ထောပတ်ပဲကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံး စိုက်ပျိုး ကြပါသည်။ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ လများတွင်ရိတ်သိမ်းကြကြောင်း၊ထောပတ်ပဲ(ဆောင်း)ကို အောက်တိုဘာ၊နိုဝင်ဘာလများတွင်စိုက်ပျိုး ပြီး ဇန်နဝါရီ၊ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရပါသည်။ မိတ္ထီလာခရိုင်တွင်ထောပတ်ပဲကို မိတ္ထီလာ၊ သာစည်၊မလှိုင်၊ဝမ်းတွင်း (၄)မြို့နယ်လုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ထောပတ်ပဲစိုက်ဧက (၅၉၅၀)၊အထွက်(၂၉၃၃၃)တင်းထွက်ရှိခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။
ထောပတ်ပဲကိုရာသီပေါ်ချိန်၌ ဈေးကာင်းရသဖြင့်အစိုခူးဆွတ်၍ မိတ္ထီလာဈေးကွက် ရောင်းချမှု များလည်းရှိကြောင်း၊ ဈေးကွက်အတွင်း ယခုဇွန်လတတိယပတ်တွင် ပွဲရုံများ၌ ထောပတ်ပဲအများ ဆုံးစိုက်ပျိုးသည့် မိတ္ထီလာမြို့နယ် ချောက်ပင် ၊ခင်လူး၊ ရွာသာကျေးရွာများနှင့် သာစည်မြို့နယ် ပေါက်တော၊ပေါက်သန်း၊ ရှမ်းရွာများမှ တစ်ပတ်လျှင် ထောပတ်ပဲ အိတ်(၁၀၀-၂၀၀)ခန့်အဝင်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ထောပတ်ပဲတစ်တင်းလျှင်(၉၅၀၀၀-၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း၊ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ထောပတ်ပဲတစ်တင်းလျှင် (၅၀၀၀-၁၀၀၀၀)ကျပ်ထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးသို့အဓိက တင်ပို့ရောင်းချကြကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ပြည်ပအဝယ်လိုက်ခြင်းကြောင့်ဖြစ်သည် ဟုပဲမျိုးစုံပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)