
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ရုံးအုပ်) နှင့် ဝန်ထမ်းများသည် ၁၆.၆.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် တာမွေ(Orange ) ရှိ Sprite အချိုရည်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများတွင် အစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးမှု ပုံစံတူထားသည့် Sprite အချိုရည်ဘူးများ ရောင်းချခြင်းရှိ/ မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထားသော ကုန်စည်များကိုသာ ရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)