One Stop Kitchen Mark ရှိ Sprite အချိုရည်ဘူးများအား စစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ရုံးအုပ်) နှင့် ဝန်ထမ်းများသည် ၁၆.၆.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် One Stop Kitchen Mark ရှိ Sprite အချိုရည်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စစ်ဆေးရာတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများတွင် အစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးမှုပုံစံတူ ထားသည့် Spriteအချိုရည်ဘူးများ ရောင်းချခြင်းရှိ/ မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ နှင့်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)