
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဝါးဘလောက်သောက် ကျေးရွာအုပ်စုရှိ ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိ/မရှိအား ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့သည် ဝါးဘလောက်သောက်ကျေးရွာအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချနေသော အရောင်းဆိုင်များသို့ အိမ်ဆောက်ရာတွင် လိုအပ် ဘိလပ်မြေ၊ သံချောင်း၊ သွပ် စသည့် ဆောက်လုပ်သုံးပစ္စည်းများအား သတ်မှတ်ရည်ညွှန်းဈေး နှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိအား စစ်ဆေးခဲ့ရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမရှိဘဲ ပုံမှန် ဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက ဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)