၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင်အမေရိကန်သို့ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံကျော်ဖိုးတင်ပို့ ခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

              ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် အမေရိကန်သို့ ကမ္ဘောဒီးယား၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံကျော်တန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏အစီရင်ခံစာအရ သိရပါသည်။ အစီရင်ခံစာအရ အမေရိကန်သည် ထို ၅ လတာကာလအတွင်း ကမ္ဘောဒီးယား၏ အကြီးမား ဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလီယံ၊ ဂျပန်က အမေရိကန်ဒေါ်လာ ၆၃၅ သန်း၊ တရုတ်က အမေရိကန်ဒေါ်လာ ၆၃၄ သန်း၊ ကနေဒါက အမေရိကန်ဒေါ်လာ ၄၉၂ သန်းနှင့် နယ်သာလန်က အမေရိကန်ဒေါ်လာ ၃၅၈ သန်းဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရပါသည်။ ထို ၅ လတာကာလအတွင်း ကမ္ဘောဒီးယား နှင့် အမေရိကန်အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၄၇ ဘီလီယံတန်ဖိုး ရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ထိုစုစုပေါင်းတန်ဖိုးထဲတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံတန်ဖိုး အမေရိကန်သို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ထံမှပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သန်း၁၂၀ တန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၅.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တော်ဝင်အစိုးရသည်လည်း ကမ္ဘောဒီးယား၏ အကြီးမားဆုံးဈေးကွက် အထူးသဖြင့် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားအသုံးအဆောင်ပစ္စည်း များအား အကြီးမားဆုံးတင်ပို့ရာနိုင်ငံဖြစ်သည့် အမေရိကန်နှင့် အပြန်အလှန်ကုန်သွယ်ရေး ချိတ်ဆက်မှုမြှင့်တင်ရန် ကတိကဝတ်ပြုမှုကို တစ်ဖန်အတည်ပြုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံ ကြားဆွေးနွေးနေသည့် အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်သည်လည်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့်  ကုန်သွယ်ရေးကိစ္စရပ်များဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)