အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ အစည်းအဝေးကျင်းပ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၈.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

            ထိုသို့ကျင်းပရာတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးအောင်ဘော်မှ ဆန်သိုလှောင်ရုံများနှင့်ဆန်ဆိုင်များအား အိတ်(၅၀၀)အထက် သိုလှောင်ရောင်းချ ပါက MyRo လျှောက်ထားမှုရှိ/မရှိ စစ်ဆေးရန်နှင့် ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများမရှိစေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ဌာနဆိုင်ရာများမှလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးတွင် ဌာနဆိုင်ရာအသီးသီးမှ (၁၅)  ဉီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

                                                                                                         DOCA (ရန်ကုန်)