
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်း နိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇွန်လ (၁၈) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ ကုန်စုံဆိုင် တာဝန်ခံနှင့်တွေ့ဆုံ၍ ဆိုင်အတွင်း ရောင်းချလျက်ရှိသော ဘူးသွင်းဆီများတွင် ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဘူးသွင်းဆီများ ဖြစ်သော MEGA-1 (သဘာဝနေကြာဆီ)၊Good Choice (အဆင့်မြင့်စားအုန်းဆီ)၊ရွှေအုံ၊ကြာဖူး (မြေပဲဆီ)၊ ရန်ကုန် ပဲဆီသန့်၊အမေထွား(မြေပဲဆီ) စသည့် အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေး အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်း ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)