ဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း   (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများသည်   ဒဂုံမြို့သစ်ခရိုင်၊  အရှေ့ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ  တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း    ဆန်ရောင်းချမှုအခြေအနေများကို    ကွင်းဆင်းအသိပညာပေးမှုများ   ဆောင်ရွက်လျှက်ရှိရာ (၁၇.၆.၂၀၂၅)  ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  အရှေ့ဒဂုံမြို့နယ်၊  ဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး   အရောင်းဆိုင်အား  သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ၊ ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆိုင်အတွင်းရှိ စားသောက်ကုန်များသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)