ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၃:၄၀) နာရီအချိန်တွအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဦးထွန်းထွန်းလင်း၊ ရဲမှူးမောင်မောင်ကျော်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဦး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်လျက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ မိဘမေတ္တာ-၂၊ ချောင်းသာလမ်းရှိ ရွှေကမ္ဘာနှင့်မန္တလေးလမ်းရှိ ဆွေကောင်းလျှံဆိုင်များသို့ စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းလည်းမရှိပါကြောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးပြီး သိုလှောင်ထားခြင်းလည်း မရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)