
ဇောင်ချမ်းချဉ်သည် အညာသူအညာသားများ ကြိုက်နှစ်သက်သည့် ဟင်းလျာတစ်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီစာဇောင်ချမ်းချဉ်များသည် တောင်သာမြို့ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်ဇွန်လ တတိယပတ် ဇောင်ချမ်းချဉ် ၂၅ ကျပ်သားလျှင် (၄၅၀၀-၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း၊ အောက်ပြည် အောက်ရွာမှထွက်ရှိသော ပုစွန်ချဉ်၊ ငါးဖယ်ချဉ် တွေစားကြသလို အညာဒေသမှာလည်း ရာသီပေါ် ဇောင်ချမ်းချဉ် ဟင်းလျာကိုမက်မက်မောမော ကြော်ချက် စားသုံးကြသောကြောင့် စားသုံးမှုများ၍ လူကြိုက်များသောကြောင့် အရောင်းအဝယ်လည်းကောင်းကြောင်း ဇောင်ချမ်းချဉ် ရောင်းချသူတစ်ဉီး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)