ရောင်းအားကောင်းသော မုန့်လုံးကြီး

Powered by Drupal

   ယနေ့မျက်မှောက်ခေတ်တွင် အစားအသောက်များကို နည်းလမ်းပေါင်းစုံဖြင့် ပြုပြင် ထုတ်လုပ်လာကြရာဝယ် ကောင်းမွန်သည့်ထုတ်လုပ်မှုများရှိသလို ကျန်းမာရေးကိုထိခိုက်စေနိုင် သည့် မမှန်မကန်ထုတ်လုပ်ကြသည်များလည်းရှိရာ မိမိတို့အနေဖြင့် ကျန်းမာရေး ရှု့ထောင့်မှ ကြည့်ရှု့တတ်ရန်လိုအပ်ပါသည်။ မိမိတို့အနေဖြင့် ကောင်းမွန်သည့်ပြောင်းလဲမှုများကို လက်ခံသင့် သလို ကျန်းမာရေးနှင့်ပတ်သက်၍ စားသောက်မှုပုံစံများ၌ သတိရှိစွာ နေထိုင်စားသောက်ရန် အထူး လိုအပ်ပါသည်။ အသိပညာဗဟုသုတများ လူသားတိုင်းတွင်ရှိရန်လိုအပ်ပြီး နည်းပညာ အကူအညီ များနှင့်ပြုပြင်ထုတ်လုပ်သော အစားအစာများထက် သဘာဝအလျောက် စားသုံးနိုင်သည့် အသီးအနှံများနှင့် ဆန်၊ ဆန်ကွဲ၊ ဂျုံ၊ ပြောင်း၊ ကောက်ညှင်းစသည်တို့ဖြင့် တိုက်ရိုက် ထုတ်လုပ်ထားသော သန့်ရှင်းလတ်ဆတ်သည့် မြန်မာ့မုန့်ပဲသွားရည်စာများကို စားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် အစာအဟာရ ဖြစ်စေသည့်အတွက် ဦးစားပေး စားသုံးသင့်ပါသည်။

     မြန်မာ့မုန့်ပဲသွားရည်စာများ စားသုံးခြင်းဖြင့် အခြေခံလူတန်းစားများ၏ အလုပ်အကိုင်များ အဆင်ပြေနိုင်၍ မိသားစုစားဝတ်နေရေးများအတွက်အထောက်အကူပြုပါသည်။ မြန်မာ့မုန့်ပဲ သရေစာများမှ မုန့်လုံးကြီးသည်လည်း စားသုံးမှုများသည် မုန့်တစ်မျိုးဖြစ်ပြီး အစဉ်ရောင်းချ လျက်ရှိရာ မုန့်လုံးကြီးတစ်ခုလျှင်(၂၅၀)ကျပ်၊ တစ်ထောင်ဖိုးလျှင်(၄)ခုနှုန်းဖြင့် မြို့သစ်ဈေးနှင့် မြို့သစ်ဘူတာ အနီးတွင် အထိုင်ရောင်းချပြီး ဖောက်သည်ပေးလျက်ရောင်းချနေကြောင်းလည်း သိရသည်။ ဆိုင်ကယ်ဖြင့်လိုက်လံ ရောင်းချသော ဈေးသည်များမှလည်း ယူ၍ရောင်းချမှုရှိသော ကြောင့် ဖောက်သည်ဈေးအနေဖြင့် တစ်ခုလျှင်(၂၅၀)ကျပ်ဖြင့် ရောင်းချမှုရှိကြောင်း၊ မုန့်လုံးကြီးမှာ အရင်းအနှီးနည်းပါးပြီး ကလေးလူကြီးအကြိုက်များပြီး နှစ်သက်ကြောင်းနှင့် တစ်ရက်လျှင်(၅၀၀၀၀ မှ ၇၀၀၀၀)ကျပ် ဝန်းကျင်ခန့် ရောင်းအားရှိကြောင်း မုန့်လုံးကြီး ရောင်းချသူ  တစ်ဦးထံမှ သိရ သည်။                                                                                           

DOCA(ပဲခူး)