
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ဇွန်(၁၂)ရက်နေ့တွင် Mobile တယ်လီဖုန်း အရောင်းဆိုင်များအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များအတွင်းရှိ Mobile တယ်လီဖုန်းအရောင်းဆိုင်များအား တရားမဝင် SIM Cards များရောင်းချခြင်းမရှိစေရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နိုင်ငံတော်အစိုးရက လုံခြုံရေး နှင့်တရားဥပဒေစိုးမိုးရေးအတွက် အော်ပရေတာ(၄)ခု ဖြစ်သည့် MPT ၊ Mytel ၊ ATOM နှင့် Ooredoo တို့၏ SIM Cards များအား နိုင်ငံတော်မှသတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရသည့် New SIM Cards များကိုသာ ရောင်းချပေးရန်နှင့်မမှန်မကန်မှတ်ပုံတင်ထားသော SIM Cards များရောင်းချ ခြင်းရှိ/ မရှိ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)