သရက်မြို့နယ်ရှိ ပဲကြော်ဖိုလုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီအမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် (၁၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သရက်မြို့နယ်အတွင်းရှိ လုပ်ငန်းသုံးဆီများ ဝယ်ယူသုံးစွဲနေသည့် ပဲကြော်ဖိုလုပ်ငန်း အလုပ်ရုံများ သို့ သွားရောက်၍ လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများ အမှန်တကယ် သုံးစွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်‌ရေး၊ စာသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)