
၁၀-၆-၂၀၂၅ရက်နေ့၊မွန်းလွဲ(၁၅:၀၀)နာရီအချိန် မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြင်းခြံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင် မြင်းခြံခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းတက် ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများကို အွန်လိုင်းမှတဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း ၍ သိကောင်းစရာများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရာတွင် အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ရောင်းချသည့် ကုန်စည်များသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ကန့်သတ်ထားခြင်းရှိမရှိနှင့် ဥပဒေနှင့်ငြိစွန်းခြင်းရှိမရှိ၊ စားသုံးသူများ ၏ လုံခြုံမှုကိုထိခိုက်စေခြင်းရှိမရှိ၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက် အပြည့်အဝပေးနိုင်မှုရှိမရှိ၊ Online System ဖြင့် ရောင်းချခြင်းလုပ်ငန်းများတွင် ရောင်းချသည့် ကုန်စည်အမျိုးအစားများနှင့် ဝန်ဆောင်မှုအမျိုးအစားများအပေါ် ဝယ်ယူသူများအနေဖြင့် သိရှိထား သင့်သည့်အချက်များ၊ Online System ဖြင့် ရောင်းချသူများအနေဖြင့် လိုက်နာရမည့်အချက်များ၊ ဦးစီးဌာနများ၏ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူရေးရာဦးစီး ဌာနအတွင်း ရုံးချုပ်၊ပြည်နယ်/တိုင်းဦးစီးမှူးရုံးများနှင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍများ၊ စစ်ဆေးတွေ့ရှိချက်များအပေါ် ကွန်ရက်သဖွယ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စားသုံးသူ ထိခိုက်နစ်နာမှုများနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပေါ် ဖောက်ဖျက်ကျူးလွန်မှုများရှိပါက အရေးယူဆောင်ရွက်ရမည့် အခြေအနေများအား အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)