
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးမှ ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုအပတ်စဉ် ဈေးကွက်အတွင်းသို့ သွားရောက်ပြီး ဆီများရောင်းချနေမှု အခြေအနေများကို သိရှိရန် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လှုပ်နိုင်မှု အပေါ် အခြေခံသော သင့်တင့်သည့် ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလှုပ်စေရန် ၊စားအုန်းဆီလက်လီ၊ လက်ကား ရောင်းချသည့်ဆီကိုယ်စားလှယ်များသို့ခွဲဝေပေးမှုအခြေအနေ၊သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊နိုင်ငံတော်မှရည်ညွှန်းဈေးသတ်မှတ်၍ရောင်းချနေသောစားအုန်းဆီများအားတရားမဝင်တင်သွင်း သောပြင်ပဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန် တို့ကိုကွင်းဆင်း မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)