ရောင်းအားကျဆင်းနေသောကြောင့် ဘာလီရှိ Coca-Cola စက်ရုံအား ပိတ်သိမ်းသွားမည်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်း၏ ဗဟိုဖြစ်သော ဘာလီကျွန်းရှီ Badung Regency ရှိ Coca-Cola ကုမ္ပဏီသည် ရောင်းအားကျဆင်းသွားခြင်းကြောင့် ဇွန်လ ၁၃ ရက်နေ့၌ ၎င်း၏ စက်ရုံကို ပိတ်ပစ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ကုန်သွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ရောင်း အားကျဆင်းမှုမှာ ပိတ်သိမ်းရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပြီး တခြားအကြောင်း အရင်းများရှိသော်လည်း ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း ဘာလီရှိစက်မှုနှင့် ကုန်သွယ်မှုရုံး အကြီးအကဲ Ngurah Wiryanatha က ပြောကြားခဲ့သည်။ မကြာသေးမီက အကဲဖြတ်မှုများအပေါ် အခြေခံရန် စားသုံးသူများ၏ စိတ်ကြိုက်ရွေးချယ်မှုများ ပြောင်းလဲနိုင်သောကြောင့် ထုတ်လုပ်သူများ အနေဖြင့် ဆန်းသစ်တီထွင်ကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြခဲ့သည်။ Badung Regency ၏ Manpower and Industry Service Department မှ အကြီးအကဲ Putu Eka Merthawan က စက်ရုံအား ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ပိတ်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ထို Coca-Cola စက်ရုံသည် Badung Regency ရှိ Werdi Bhuwana ရွာတွင် တည်ရှိကြောင်း သိရသည်။

Source: Xinhua                                                                           

   DOCA(ရန်ကုန်)