ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူအဖြစ် ရုရှားနိုင်ငံမှ ဆက်လက်ရပ်တည်နေ

Powered by Drupal

     ရုရှားနိုင်ငံသည် လက်ရှိနှင့် လာမည့်စိုက်ပျိုးရေးနှစ်များတွင် ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူ အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု၏ ငါးပုံတစ်ပုံကျော်ခန့်ရှိ ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန RIA ၏ တွက်ချက်မှုအရ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) ၏ အချက်အလက်များအပေါ် အခြေခံ၍ ဖော်ပြချက်အရသိရသည်။ FAO က 2024-2025 စိုက်ပျိုးရေးနှစ်တွင် ကမ္ဘာ့ဂျုံတင်ပို့မှုသည် လေးနှစ်တာအနိမ့်ဆုံးတန်ချိန် ၁၉၃.၃ သန်းသို့ရောက်ရှိရန် ၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားမည်ဖြစ်ပြီး လာမည့်ရာသီတွင် တန်ချိန် ၂၀၀.၆ သန်းမှ ၃.၈ ရာခိုင်နှုန်း သာ ပြန်လည်ရရှိမည်ဖြစ်ကြောင်း FAO က ဇွန်လ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။ "ရုရှား ဖက်ဒရေး ရှင်းသည် ကမ္ဘာ့ဂျုံတင်ပို့ရောင်းချသူအဖြစ် ၎င်း၏ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင် ဖွယ်ရှိသည်" ဟု FAO လေ့လာသုံးသပ်သူများက ရေးသားခဲ့သည်။ အဖွဲ့အစည်း၏ ခန့်မှန်းချက်များ အရ 2024-2025 စိုက်ပျိုးရေးနှစ်တွင် ရုရှားနိုင်ငံမှ ဂျုံတင်ပို့မှုပမာဏသည် တန်ချိန် ၄၂.၆ သန်းရှိမည် ဖြစ်ပြီး ယခင်သုံးနှစ်တာ ပျမ်းမျှတန်ချိန် ၄၂ သန်းထက် အနည်းငယ် ပိုများလာမည်ဖြစ်သည်။ လာမည့်နှစ်တွင် ဤညွှန်ကိန်းသည် တန်ချိန် ၄၆.၅ သန်းအထိ မြင့်တက်လာမည်ဖြစ်သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဂျုံတင်သွင်းသည့် ဥရောပသမဂ္ဂ၏ တင်ပို့မှုသည် ယခင်သုံးရာသီတွင် ပျမ်းမျှတန် ချိန် ၃၂.၇ သန်းရှိပြီးနောက် ယခုနှစ်စိုက်ပျိုးရေးနှစ်အတွင်း တန်ချိန် ၂၄ သန်းသို့ ကျဆင်းသွားမည် ဖြစ်သည်။ တင်ပို့မှုသည် လာမည့်နှစ်တွင် တန်ချိန် ၃၀.၇ သန်းအထိ ပြန်လည်ရရှိမည်ဖြစ်သည်။ ကနေဒါ နိုင်ငံသည် တတိယနေရာတွင် ရပ်တည်လျှက်ရှိသည်။ FAO ၏ ခန့်မှန်းချက်အရ ၎င်း၏ ပို့ကုန်သည် ယခင်ရာသီများ၏ ပျမ်းမျှတန်ချိန် ၂၆ သန်းနှင့် နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း တိုးလာပြီး လာမည့်နှစ်တွင် တန်ချိန် ၂၅.၅ သန်းသို့ အနည်းငယ် လျော့ကျသွားမည်ဖြစ်သည်။

Source: Xinhua                                                                             

DOCA(ရန်ကုန်)