တောင်ငူမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဆန်ပွဲရုံများ၊ဆီပွဲရုံများ၊စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင် နှင့် ဒုတိယခရိုင်ဦးစီးမှူး၊ ဦးမင်းဇော်တို့သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ  ဇွန်လ (၁၀)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဆန်ပွဲရုံများ၊ ဆီပွဲရုံများ နှင့် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ကုန်ပစ္စည်းများအလိုက် အရောင်းအဝယ်များ ဖြစ်ပေါ် နေမှုနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိ အခြေအနေများကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ရှိ စိန်သဇင်ရွှေဆိုင် ၊ ချမ်းသာ ဆန်/ဆီ ကုန်စုံပွဲရုံ နှင့် ရွှေဝါစက်သုံး ဆီဆိုင်များသို့ စစ်ဆေးခဲ့ရာ ဆိုင်ရှိမန်နေဂျာနှင့် ဝန်ထမ်းများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချကြရန်နှင့် အချိန်အတွယ် အလေးချိန်များ မှန်ကန်မှု ရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး ဂရုစိုက်ဆောင်ရွက်ကြရန်နှင့်  ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)