တောင်ငူမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ သည် ဇွန်လ(၁၀) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ်(၁၇)ရပ်ကွက်နေ ပြည်သူများအား အခြေခံပညာ မူလွန် တောင်ကွေ့ဈေးကျောင်းခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်း စရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စားသုံးသူနစ်နာ ဆုံးရှုံမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်း နှင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးမှုများ၊ အွန်လိုင်းတွင်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ သတိပြု ဆောင်ရွက်ရမည့် အချက် များကို ဟောပြောဆွေးနွေးပါသည်။

              ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးချက်များကို မြို့နယ် တာဝန်ခံက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ ၇၀  ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)