၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ပို့ကုန်-သွင်းကုန်ဆောင်ရွက်မှု ၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

      ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ဗီယက်နမ်သည် ပို့ကုန်-သွင်းကုန်ဆောင်ရွက်မှုမှနိုင်ငံတော်ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၈၂.၅၁ ထရီလီယံရရှိခဲ့ပြီး၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၉.၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရပါသည်။ ထိုကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၅.၇၉ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၀.၂၃ ဘီလီယံနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၇၅.၅၆ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းနှင့် ၁၇.၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံ သည်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလီယံရရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၄၆.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ထို ၅ လတာကာလအတွင်း မှောင်ခိုကုန်သွယ်ခြင်း၊ စီးပွားရေးလိမ်လည်မှုနှင့် တရားမဝင်နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုတို့နှင့် ရှုပ်ထွေးခဲ့ကြောင်း သိရပါသည်။ ရေကြောင်းလိုင်းဖြင့် ထိုမသမာမှုအများဆုံးပြုလုပ်ခဲ့ကြပြီး စုစုပေါင်းအမှု ၁၂၄၇ အနက် ၆၈၆ မှုကို စစ်ဆေးတွေ့ရှိဖြေရှင်းခဲ့ရကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တရားမဝင် ဆေးဝါးများ၊ ငွေကြေးများနှင့် ရွှေတို့ကို လေကြောင်းလိုင်းမှတစ်ဆင့်သယ်ယူပို့ဆောင်မှုမှာလည်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်းလမ်းကြောင်းမှတစ်ဆင့် တရားမဝင်မီးပန်းများနှင့် သကြားများသယ်ယူပို့ဆောင်မှုမှာ ဗီယက်နမ်-လာအိုနယ်စပ်တစ်လျှောက်နှင့် ဗဟိုပြည်နယ်များတွင် ဆက်လက်ဖြစ်ပေါ်လျှက် ရှိကြောင်း သိရပါသည်။ ကုန်ပို့လွှာနှင့် မူရင်းသက်သေမပါသည့်ကုန်ပစ္စည်းများ အထူးသဖြင့် အေးခဲထားသောအစားအစာထုတ်ကုန်များ၊ စားသုံးကုန်ပစ္စည်းများ၊ စီးကရက်များနှင့် ဆေးရွက် ကြီးတို့ တရားမဝင်ကုန်သွယ်မှုမှာ တရုတ်နှင့် ကမ္ဘောဒီးယားနယ်စပ်ဧရိယာများတွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ထို ၅ လတာကာလအတွင်း စုစုပေါင်းအနေဖြင့် ဗီယက်နမ်ဒေါင် ၁၁.၂၉ ထရီလီယံတန်ဖိုးရှိသော တရားမဝင်ကုန်ပစ္စည်းများကို နိုင်ငံ‌တော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

 

 

Vietnam Plus

DOCA(ရန်ကုန်)