
ယူဂန်ဒါနိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှုသည် မတ်လတွင် ကုန်ဆုံးသည့် ၁၂ လ တာ ကာလအတွင်း ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကြီးတန်း အစိုးရ အရာရှိတစ်ဦးက ဇွန်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၅/၂၀၂၆ ဘဏ္ဍရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက် ခန့်မှန်း ချက်ကို တင်ပြရာတွင် ဘဏ္ဍာရေးဝန်ကြီး Matia Kasaija က ပို့ကုန်သည် မတ် ၂၀၂၄ မှ ၂၀၂၅ ခုနှစ် မတ်လကြားတွင် ကန်ဒေါ်လာ ၉.၅၆ ဘီလီယံမှ ၁၁.၈ ဘီလီယံဒေါ်လာအထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။ ယူဂန်ဒါ၏ အဓိကပို့ကုန်များ တွင် ရွှေ၊ ကော်ဖီ၊ စက်မှုထုတ်ကုန်များ၊ ကိုကိုးစေ့ များ၊ နို့ထွက်ပစ္စည်းများ၊ အခြေခံသတ္တုများနှင့် သကြား၊ ငါးနှင့် ငါးထွက်ပစ္စည်းများ ပါဝင်သည်။ Kasaija ၏ အဆိုအရ ကော်ဖီတင်ပို့မှုသည် နှစ်ဆကျော်တိုးလာပြီး နှစ်စဉ်ဒေါ်လာနှစ်ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားသည်။ ကောင်းမွန်သောရာသီဥတုအခြေအနေနှင့် အစိုးရ၏ ဒေသဖွံ့ဖြိုး ရေးပုံစံကို အကောင်အထည် ဖော်ခြင်းကြောင့် စိုက်ပျိုးရေးပို့ကုန်များ အားကောင်းလာရခြင်း ဖြစ်သည်ဟု ဝန်ကြီးကသုံးသပ် ခဲ့သည်။ မတ်လကုန်တွင် ယူဂန်ဒါ၏ ထိပ်တန်းပို့ကုန် ပန်းတိုင်မှာ အရှေ့အလယ်ပိုင်း၊ အရှေ့ အာဖရိကအသိုက်အဝန်း၊ အာရှနှင့် ဥရောပသမဂ္ဂ (EU) တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။ ကော်ဖီ၊ စက်မှုထုတ်ကုန်များနှင့် ဓာတ်သတ္တုထွက်ကုန်များကို အဓိက တင်ပို့လျက်ရှိရာ နိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် အီးယူတို့နှင့် ကုန်သွယ်မှုပိုငွေတန်ဖိုး ဒေါ်လာ ၁၈၆.၃ သန်းနှင့် ၁၁၇.၇ သန်း အသီးသီးရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Source: Xinhua DOCA(ရန်ကုန်)