
၁၁.၆.၂၀၂၅ ရက်နေ့ နံနက် (၁၁:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို PISI Electronic Shop အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း အမှတ် (၁၄၅၈)၊ ပန်းခြံ(၉)၊ (၁၃)ရပ်ကွက်၊ ကုန်းဘောင်လမ်းသွယ်၊ ရွှေပြည်သာမြို့နယ်သို့ သွား ရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ် ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)