မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ဆားကျင်းအုပ်စုထင်းစုကျေးရွာဖြိုးဓနဆန်စက်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံမြို့နယ် ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၂.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရှအချိန်တွင် လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု ထင်းစုကျေးရွာရှိ ဖြိုးဓနဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆားကျင်းအုပ်စုထင်းစု ကျေးရွာဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဈေးနှုန်းအခြေအနေများ၊ ဆန်စပါး ကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျသိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)