မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံ ဦအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၁.၆.၂၀၂၅) ရက်နေ့၊နေ့လည်(၁:၀၀) အချိန်တွင်ဝါးခယ်မမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားသတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှစက်သုံးဆီအရောင်း ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စက်သုံးဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စက်သုံးဆီဆိုင်ပိုင်ရှင်များအား စက်သုံးဆီ လက်လီ/ လက္ကား ရောင်းချမှုအခြေအနေနှင့် ပြည်သူများအား သက်မှတ်ထားသောသောဈေးနှုန်းများဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)