ပန်းတနော်မြို့နယ် အထက(၁) ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်

Powered by Drupal

            ၁၁.၆.၂၀၂၅ နေ့ နံနက် (၀၉၄၅)နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းရှိ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး ကျောင်းဖွင့်ရာသီ လုပ်ငန်းစီမွချက်အနေဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်သဖြင့် ပန်းတနော်မြို့နယ် အ.ထ.က-၁ ကျောင်းမုန့်ဈေး တန်းတွင် ရောင်းချနေသော မုန့်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မုန့်ဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့သည်။

              စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦအောင်ကျော်သက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲံ၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ကြပြီး ကျောင်းမုန့်ဈေးတန်းမှ အသင့်ထုပ်ပိုးပြီး (အမှတ်တံဆိပ်ပါ) အစားအသောက်များကို ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း၊ အရောင်ဆိုးဆေးများ ပါဝင်မှုရှိ/ မရှိကို စစ်ဆေးခြင်း၊ တားမြစ်မုန့်များ ကျောင်းဈေးတွင်ရောင်းချခြင်း မပြုရန်တို့ကို ဆိုင်ရှင်များအား မှာကြားခဲ့ပြီး အပါတ်စဉ်စစ်ဆေးဆောင်ရွက်သည့်အခါ သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)