စားအုန်းဆီများရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ဒေးဒရဲ  မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားအုန်းဆီများရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်      မြို့နယ်တာဝန်ခံမှ     ဈေးကွက်အတွင်း     ရောင်းချသောစားအုန်းဆီများနှင့်ပတ်သက်၍     ဆီရောင်းချသူလုပ်ငန်းရှင်များအား       စားအုန်းဆီအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများ  ပြုလုပ်ပါကအရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါဆိုင်များတွင် စားအုန်းဆီများရည်ညွှန်းဈေး ဖြင့်ရောင်းချပြီး  ဆိုင်းဘုတ်တင်ရောင်းချနေကြောင်းစစ်ဆေး တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)