ဖိလစ်ပိုင်နိုင်ငံမှ သရက်သီး၊ ငှက်ပျောသီးများအား အီဂျစ်နိုင်ငံ၏စျေးကွက်သို့ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိ

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံသည် သရက်သီးနှင့်ငှက်ပျောသီးများကဲ့သို့သော တန်ဖိုးမြင့် ဖိလစ်ပိုင်ထွက်ကုန်များအတွက် ပိုမိုကျယ်ပြန့်သော စျေးကွက်ရှာဖွေရန် အီဂျစ်နိုင်ငံနှင့် နက်ရှိုင်းသော စိုက်ပျိုးရေးကုန်သွယ်မှုဆက်ဆံရေးကို တက်ကြွစွာကြိုးပမ်းနေကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel သည် ၎င်း၏လယ်ယာထွက်ကုန်များအတွက် ပြည်ပဈေးကွက်ချဲ့ထွင်ရန်အတွက် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Nader Nabil Zaki နှင့် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများသည် မြောက်အာဖရိကကဲ့သို့ မဟာဗျူဟာအရ တည်ရှိပြီး လျင်မြန်စွာကြီးထွားနေ သောစျေးကွက်များတွင် ပို့ကုန်များကွဲပြားစေရန်နှင့် ကုန်သွယ်မှုအခွင့်အလမ်းသစ်များကိုဖွင့်ပေးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အာဖရိကနိုင်ငံအတွက် အရေးပါသော စီးပွားရေး ဖြစ်သည့် အီဂျစ်သည် မကြာသေးမီက ဖိလစ်ပိုင်ဒူးရင်းသီးများအား စျေးကွက်ဖွင့်လှစ်ပေးခဲ့ပြီး အလားတူ ဒေသတွင်း သစ်သီးဝလံများအား စျေးကွက်သို့ပိုမိုဝင်ရောက်နိုင်စေရန် လမ်းခင်းပေး မည်ဟု Tiu Laurel က မျှော်လင့်ထားသည်။ ကုန်သွယ်ရေးဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအနေ ဖြင့် ဖိလစ်ပိုင်သည် အီဂျစ်စပျစ်သီးနှင့်အာလူးများအတွက် ပိုးမွှားအန္တရာယ် ဆန်းစစ်ချက်နှင့် အစားအစာဘေးကင်းရေး ခွဲခြမ်းစိတ်ဖြာမှုကို အပြီးသတ်လုပ်ဆောင်လျှက်ရှိသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲသည် ဖိလစ်ပိုင်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် အရှိန်အဟုန် ကြီးထွားလာ စေမည်ဖြစ်သည်။ မေလနှောင်းပိုင်းတွင် ဖိလစ်ပိုင်သည် အီတလီသို့ လတ်ဆတ်သော သရက်သီးများ ပထမဆုံးသော စီးပွားဖြစ်တင်ပို့မှုကို အပြီးသတ်ခဲ့ပြီး ဥရောပဈေးကွက်တွင် ခြေရာချဲ့ထွင်ခဲ့သည်။ တစ်ချိန်တည်းတွင် ဖိလစ်ပိုင်ဒူးရင်းသီးများအား နယူးဇီလန်သို့ ပို့ဆောင်နိုင်ရန် ဆွေးနွှေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)