ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခြင်း

Powered by Drupal

        ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဦးစီးအရာရှိ ဒေါ်ခင်သီ၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး(ဦးစီးမှူး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦးတို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၁၂.၆.၂၀၂၅ ရက်နေ့၊   နံနက် (၁၀:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ‌ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ်(ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့ ၊ ငါးကျည်း၊  ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက်(လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက်၊ ငါးကျည်းခြောက်၊ အာဗြဲခြောက် တို့ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)